MNP ၊ ဧပြီ ၁၅
ယမန်နေ့ ဧပြီ ၁၄ရက် ညပိုင်းက ပခုက္ကူမြိုစစ်ဆေးရေးဂိတ်အား ပစ်ခတ်သွားသည့် NLDအစွန်းရောက် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်အား အင်ပင်ကျေးရွာအနီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဧပြီ ၁၄ရက် ည ၆ နာရီခန့်တွင် ပခုက္ကူမြို၊ အမှတ်(၆)ရပ်ကွက်ရှိ ပခုက္ကူ-မြိုင် သွားကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အား NLD အစွန်းရောက် PDF အကြမ်းဖက်များ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲများက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သောင်းကျန်းသူများသည် ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာအနီးရှိ သီဟစက်သုံးဆီဆိုင်တွင် ၎င်းတို့ မောင်းနှင်လာသော RLG/ 4753 Trail nissan အဖြူရောင်ယာဉ် အားထားခဲ့ပြီး ဆိုင်အတွင်းရပ်ထားသော Pajaro အပြာရောင်ယာဉ်အား လုယက်ယူဆောင်၍ မြိုင်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ကျန်ရစ်ယာဉ်အား စစ်ဆေးရှာဖွေရာ ကားအတွင်း MA ကျည်အိမ် ၁ ခုနှင့် ၅.၅၆ ကျည် ၆၈ တောင့်၊ Luser 9mm ကျည်ခွံ ၁၀ ခုတိုအား သိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် သာသနာတံဆိပ်တပ်ထားသော မော်တော်ယာဉ်ဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment