မြဝတီမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ


     

MNP - ဧပြီ    ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ ဟိတကာရီဗိမ္မာန်တော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ ဧပြီ ၁၇ ရက်၊ ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားဖွင့်လှစ်ပြီး အဘိုးအဘွားများအား  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အခမ်းအနား တက်ရောက်လာ သူများက ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင် ဦးအောင်မင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးသီဟနိုင် နှင့် တာဝန်ရှိသူများ၊ ကရင်ပြည်နယ်သာ သနာ့နုဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သိုလ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက အဘိုးအဘွားများအား လှူဖွယ်ဝတု္တ ပစ္စည်းများ လှူဒါန်း ကြသည်။

ဆက်လက်ပြီး အဘိုးတစ်ဦးမှ ကန်တော့သူများ၏စေတနာ ကိုတုန့်ပြန်သော အားဖြင့် ကန်တော့ ရသည့်အကျိူးအား ဆုတောင်းပဌနာ ပြုပေးပြီး အခမ်းအနားသို့ အဘိုး(၂၀)ဦး၊ အဘွား(၂၀)ဦးတက် ရောက်ကြပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသည့် အဘိုး၊ အဘွား ၉၀ ဦးအား အိမ်တိုင်ရာ ရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဘိုးအဘွားများအား ကျန်းမာရေးဌာနမှ ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှလည်း ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ကူညီပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)