မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ







MNP ၊ ဧပြီ ၁၇        

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် မြို့ပေါ်ရပ်ကွက်များမှ သက်ကြီးအဘိုးအဘွား (၃၀)ဦးအား ပူဇော်ကန်တော့ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က ရမ်းဗြဲမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင် ကျင်းပကြသည်။

အဆိုပါ ပူဇော်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ကတက်ရောက်ကန်တော့ခဲ့ကြသည်။      

ရှေ့ဦးစွာ ပူဇော်ပွဲတက်ရောက်လာကြသူများမှ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက် အပူဇော်ခံအဘိုးအဘွားများမှ အဘိုးတစ်ဦးက ပူဇော်ကန်တော့ကြသူများကို ဆုတောင်းမေတ္တာပို့သပေးပြီး တက်ရောက်လာကြသူများက အဘိုးအဘွားများအတွက် လှူဒါန်းဖွယ်ဝတ္ထု ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)