MNP - ဧပြီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးရုံးပိတ်ရက် အားလပ်ရက်က ဘုရား၊ ပုထိုး၊ စေတီများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဝမ်မိုင်ဆလီမွန်း(ဗောဓိရွှေညောင်ပင်)၊ ဖပီလုံပါဝုန်း(ဈာန်ရကိုရင်ကြီးတောရကျောင်း)၊ ထပ်လ (ဓာတ်လုံစွမ်ယောင်းစေတီ)၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများ၊ တရားဘာဝနာ အားထုတ်သူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နမ့်ယောင်း၊ နမ့်လွေ၊ နမ့်ပုန်း၊ နမ့်ခပ်၊ ပုံချိုချောင်းနှင့် လော့ငိုးကြိုးတံတားတို့တွင် ပျော်ရွှင်အေးချမ်းစွာ အနားယူအပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment