စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား(၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား(၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ



MNP - ဧပြီ    ၁၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာနတွင်    မြန်မာနှစ်ဆန်း   (၁)  ရက် နေ့ ၊  ယနေ့နံနက် (၉)နာရီခွဲ အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်၊ ၃၀/၂၀၂၂ ဖြင့် မြန်မာနှစ်သစ်မင်္ဂလာ အခါသမယအထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်များကိုကျခံပြီးဖြစ်သည့် အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင် ကြသော ဘယ်လင်းအကျဉ်းဦးစီးဌာန၊  ကုန်ထုတ်စခန်းအမှတ်( ၁ နှင့်၂ )မှ  အကျဉ်းသား (၅)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် အမှတ်(၁)ကုန်ထုတ်စခန်းတာဝန်ခံထောင်ပိုင် ညွှန်ကြားရေးမှူး ဦးစောထွန်း၊ အမှတ်(၂) ကုန်ထုတ်စခန်း တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဦးစောဝင်းအောင်၊ မြို့မရဲစခန်း ဒုရဲအုပ် ရဲလင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးဇော်မင်းဆင့်၊ ဒုတပ်ကြပ်အောင်ကျော်သက်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ အကျဉ်းသား များအား လုပ်အားခငွေများ ထုတ်ပေးခဲ့ပြီး  လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အကျဉ်းသားများကို  အကျဉ်းထောင်အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ မြို့နယ်အသီးသီးသို့  သွားရောက်သော ကားဂိတ်များသို့  ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သတင်း - ဝင်းဝင်းသန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)