MNP - ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၊ ကွင်းကောက် (မြောက်) ကျေးရွာအုပ်စု၊ ကွင်းကောက်(မြောက်)ကျေးရွာ၊ အောင်မင်္ဂလာလမ်းရှိ ဆီဆိုင်တွင် ယမန်နေ့ နေ့လည်၁နာရီ ၅၅ မိနစ်အချိန်ခန့်က ဆီပီပါလှယ်ရာမှ ပီပါ၂ခု နှုတ်ခမ်းပွတ်တိုက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်း တာဝန်ခံဒု-မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်၁စီး၊ ကွင်းကောက် နယ်မြေ မီးသတ်စခန်းတာဝန်ခံ ဒု-မီးသတ်ဦးစီးမှူး ဦးသက်နိုင်စိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ စုပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရာ ၂နာရီအချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် အလျား၁၀၊ အနံ၁၀ရှိ တာပေါလင်မိုး၊ သစ်သားမြေဆိုက် ဆီဆိုင်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment