ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ





MNP ၊ ဧပြီ ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ဝါရီရူခန်းမနှင့် ရင်ငြိမ်းကျေးရွာဓမ္မိကာရုံကျောင်းတို့ တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အကြား၊ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံရန် ယနေ့နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ‌ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်း မှကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သည့် ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊ မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့်စုစုပေါင်း (၃၉၀)ဦး ကိုစတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ခုနှစ်၊မေလ(၁၇)ရက်နေ့တွင် ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)