ဗဟန်းမြို့နယ်၌ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်၌ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်



MNP - ဧပြီ   ၃၀

ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံပန်ချီပညာရေးဆွဲနည်းကို ကျွမ်းကျင်စွာတတ်မြောက် သိရှိနိုင်စေရန်နှင့် ပန်းချီပညာကို မြှင့်တင်ပေးနိုင်ရန် အတွက် ရည်ရွယ်ကာ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းကို ယ‌မန်နေ့ နံနက်(၁၁)နာရီတွင် ရန်ကုန် အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (ဗဟန်း)တွင် ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို လည်း‌ကောင်း၊ သင်တန်းဆရာ၊ အိုင်ကားဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာဝင်းနွယ်(ပုသိမ်)က ပန်ချီပညာအကြောင်းနှင့် သင်တန်းစည်းကမ်းများ အကြောင်းကို ရှင်းလင်းပြောကြား သည်။

သင်တန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် နံနက်(၁၁)နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ နှစ်ပတ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး တက်ရောက်ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)