နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ကူညီဆောင်ရွက် ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားတက်ရောက် ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ကူညီဆောင်ရွက် ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားတက်ရောက် ချီးမြှင့်








MNP -  ဧပြီ   ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဆက်လက် မဖြစ်ပွားစေရန်အတွက် ရောဂါပိုးတွေ့ရှိသူများအား ဖော်ထုတ်စစ်ဆေး၍ ကုသဆောင်ရွက်ပေးခဲ့ပြီး ပြည်သူလူထုများအား ရောဂါကူးစက် ပျံ့ပွားမှုမရှိစေရန်နှင့် ကာကွယ် ရန်တို့အတွက် သတ်မှတ်ပေးထားသည့် နေရာဖြစ်သည့် Quarantine Centerများ ထားရှိခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များအား အများပြည်သူသိရှိအောင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ လက်ဆေးနည်းများစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းကာ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍကလည်း အဓိကကျပါကြောင်း၊ မိမိတို့အသက်အန္တရာယ်ကို ပဓာနမထားဘဲ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့ပါးသွားပြီ ဖြစ်ပါကြောင်း၊ Quarantine Center များ Positive Center များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် ကိုဗစ်-၁၉ရောဂါ၏ အမျိုးမျိုးသော မျိုးကွဲသစ်များကို တားဆီးနိုင်ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည်မှစတင်ကာ ယနေ့ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာသည်အထိ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြသော လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ခဲ့သော နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့(၂၂)ဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပရဟိတလူမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းများကိုယ်စား နေပြည်တော်တိုင်းကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ချိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် ပရဟိတ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)