ကျောက်ဆည်မြို့နယ်တွင် နှမ်းဈေးကောင်းမွန်လာသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နှမ်းဈေးကောင်းမွန်လာသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ



MNP -  ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းဈေးကောင်းမွန်လာသဖြင့် နှမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် နှမ်းသီးနှံစိုက်ပျိုးရာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်သားခွဲရာတွင်လွယ်ကူခြင်း၊ ပေါင်းရှင်းရာတွင် ကုန်ကျစရိတ်သက်သာခြင်း၊   အပင်ဖြစ်ထွန်းမှု ကောင်းမွန်ခြင်းများကြောင့် တစ်ဧကအထွက်နှုန်းလည်းပိုကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်ခင်းများကို လက်ပန်ဇင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၈၂၁)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၁၄၀၄)ဧက၊ လက်ပန်ပင်၊ မယ်ဇယ် ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံကျေးရွာအုပ်စုများ တွင်(၂၅၆၁)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်း ကုန်း ကျေးရွာအုပ်စုများတွင် (၂၇၆၇)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ကျေးရွာအုပ်စု များတွင် (၄၇၂၁)ဧက၊ ရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၁၆၈၀)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၃၉၉၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင် ကျော် ကျေးရွာအုပ်စုမျးတွင် (၃၀၀၀)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တောတွင်၊ မြေစိုပယ် ကျေးရွာအုပ်စုများတွင် (၁၇၀၀)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွာ အုပ်စုများတွင်  (၂၄၃၃)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၃၉၅၉)ဧက စုစုပေါင်း (၃၀၈၈၃)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းတစ်တင်း ရောင်းဈေးမှာ ငွေကျပ်(၅)သောင်းခုနှစ်ထောင့်ငါးရာ ရောင်းချရပြီး နွေနှမ်းသီးနှံများအောင်မြင် ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများ စနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)