ကျောက်ဆည်မြို့တွင် သန့်ရှင်းသာယာရေးလှပစေရေး စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ် တကျ သိမ်းဆည်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် သန့်ရှင်းသာယာရေးလှပစေရေး စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ် တကျ သိမ်းဆည်ပေး





MNP -  ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် (၂၇) တန်ခန့်အား စနစ်တကျ သိမ်းဆည်းပေးလျက်ရှိကြောင်းနှင့် စနစ်တကျ စွန့်ပစ်ကာ သန့်ရှင်းရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သန့်ရှင်းရေးဌာနစိတ်မှ တာဝန်ရှိသူများက နံနက် (၆)နာရီမှ စတင်ပြီး မြို့တွင်းလမ်းမကြီးများတွင် ဘီးတပ်အမှိုက်ပုံးများဖြင့်၊ အမှိုက်သိမ်းဆည်ခြင်းများ၊ ရပ် ကွက်များအတွင်းသို့ ဌာနပိုင်အမှိုက်သိမ်းယာဉ် (၁၁)စီး အသုံးပြုကာ ခေါင်းလောင်းတီးစနစ်ဖြင့် အမှိုက်များ သိမ်းဆည်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် မြို့မဈေးနှင့်အေးမြကြည်လင်ဈေးမှ ထွက်ရှိသော အမှိုက်များကို မွန်လွဲ(၂)နာရီအချိန်တွင် အမှိုက်သိမ်းယာဉ်(၃)စီးဖြင့် နေ့စဉ်သိမ်းဆည်ပေးလျက်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနမှ ဒုတိယဦးစီးမှူးဦးစိုးသိန်းက ပြောပြသည်။

ကျောက်ဆည်မြို့တွင် ရပ်ကွက်ပေါင်း(၂၄)ရပ်ကွက်နှင့် အေးမြကြည်လင်ဈေး၊ မြို့မဈေးသန့်ရှင်းသာယာလှပစေရေးအတွက် နေ့စဉ်ထွက်ရှိလာသော အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျ သိမ်း ဆည်းပေးလျက်ရှိပြီး မြို့နှင့်(၃)မိုင်ခန့်အကွာ မင်းမွေးတောင်ခြေရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက(၂၅)ဧကအပေါ်တွင် အနက်‌(၁၀)ပေ အလျား(၃၀၀)ပေ၊ အနံ(၃၀၀)ပေ အမှိုက်ကျင်းတွင် စနစ်တကျ စွန့်ပစ်ပေးလျက်ရှိကြောင်း သိရသည်။                

သတင်း  -  သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)