လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ကျေးရွာများတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ကျေးရွာများတွင် နယ်မြေလုံခြုံရေးတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များမှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်




MNP - ဧပြီ    ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ  ရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် တောင်လည်ကျေးရွာ၊ ချောင်းဖြောင့်ကျေးရွာ၊ လှည်းကူးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ရှိ လူနေအိမ်များ အမိုးလန်ပြိုလဲခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နေအိမ်ပြိုလဲပျက်စီး အမိုးလန်နေအိမ်များ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေ လုံခြုံရေးတပ်ဖွဲ့များနှင့်‌ တောင်လည်နယ်မြေမီးသတ်ခန်းမှ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ က ယနေ့ နံနက်ပိုင်းက ပြန်လည်ထူထောင်ပြုပြင်ရေးလုပ်ငန်းများနှင့်  နေအိမ်များနှင့်လမ်းများ ပေါ်သို့ လဲကျနေသည့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ကျေးရွာ ပြည်သူများနှင့် အတူ ဆောင်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)