ဗန်းမော်မြို့တွင် အခြေခံရှေးဦးသူနာပြုနည်းသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် အခြေခံရှေးဦးသူနာပြုနည်းသင်တန်းဆင်းပွဲကျင်းပ




MNP - ဧပြီ   ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးသူနာပြုနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံရှေးဦးသူနာပြုနည်း သင်တန်းဆင်းပွဲတွင် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဗန်းမော်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့ကြသည်။ ယင်းနောက် ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းက သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး အခြေခံရှေးဦးသူနာပြုနည်းသင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခြင်း၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံရှေးဦးသူနာပြုနည်းသင်တန်းကို ဧပြီ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ပြီး ဗန်းမော်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက သင်တန်းသား၊ သင်တန်းသူ(၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)