ဒေါပုံမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး



MNP - ဧပြီ    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးထိုးနှံရာတွင် အသက် (၁၈) နှစ်အထက် ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများကို ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်၊ ရတနာဉာဏ်ရောင်ကျောင်းတိုက်အတွင်း    မြို့နယ်ကျန်းမာရေးဝန်ထမ်းများက  Covid Shield  ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အပူချိန် များ တိုင်းတာပေးခြင်းစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး အသက် (၁၈)နှစ် အထက် ပြည်သူ စုစုပေါင်း (၇၉) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - သူဇာဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)