ကျောက်ဆည်ခရိုင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ


MNP - ဧပြီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ခရိုင်အတွင်း ကဏ္ဍအလိုက် ရေးဆွဲထားသော လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍအသီးသီးကို သတ်မှတ်ကာလအတွင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ အရည်အသွေးပြည့်ဝစွာ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရေး အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များတွင်  ဆောက်လုပ်ရေးနှင့် အခြားလုပ်ငန်း (၁၈၀) ခုအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အချိန်မီပြီးစီးရေး၊ ရည်မှန်းချက်လုပ်ငန်းများ အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ခရိုင်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းတို့က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ခဲ့ကြောင်းနှင့် ကျောက်ဆည်ခရိုင် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း က ခရိုင်အတွင်း စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေဖို့ စီမံကိန်းများ ရေရှည်ဆောင်ရွက်နိုင်ရန် ပြည်သူကို ဗဟိုပြုရေးဆွဲထားရှိရာ ဒေသအလိုက် ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်ပြီး အကျိုးရှိသည့် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန် အရည်အသွေးပြည့်မီစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်း - တင်တင်ထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)