တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်



MNP - ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယမန်နေ့နံနက်(၁၁:၀၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ သံသုမာလမ်းနှင့်ပါရမီလမ်းဆုံ မီးပွိုင့်၊ Gas ဆိုင်အနီး၊ အမှတ်(၄)ရပ်ကွက် ဝေဇယန္တာလမ်းနှင့်ပါရမီလမ်းဆုံမီးပွိုင့် INNO City အနီးနှင့် သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးတို့တွင် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ သံသုမာလမ်းနှင့် ပါရမီလမ်းဆုံ၊ Gas ဆိုင်အနီးနှင့် ဝေဇယန္တာလမ်းနှင့်ပါရမီလမ်းဆုံမီးပွိုင့်အနီးတို့တွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက်မြို့နယ် မော်တော် ယာဉ် စစ်ဆေးအရေးယူရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် သုမင်္ဂလာလမ်း နန္ဒဝန်ဈေးရှေ့တွင်လည်း ဈေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)