လှည်းကူးမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာ ရေကစား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာ ရေကစား

 


MNP - ဧပြီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့၌ လှည်းကူးမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျှက်ရှိကြောင်းသိရသည်။

ရေကစားရာတွင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အကအလှတေးသံသာများဖြင့် ကပြဖျော်ဖြေကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် လှည့်လည်ရေပက်ခံပြီး ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများ ဝင်ရောက်သုံးဆောင် ရေပက်ခံထွက်ကြောင်း သိရသည်။

သတင်း - အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)