ကလေးဝမြို့တွင် နိုင်ငံတော်အစိုးရ ပါဠိပါထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စာဖြေ သံဃာတော်များအား နဝကမ္မ လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့တွင် နိုင်ငံတော်အစိုးရ ပါဠိပါထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စာဖြေ သံဃာတော်များအား နဝကမ္မ လှူဒါန်းပွဲကျင်းပ

MNP - ဧပြီ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် နိုင်ငံတော်အစိုးရ ပါဠိပါထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စာဖြေသံဃာတော်များအား နဝကမ္မ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က သာသနာရေးရာဆိုင်ရာများကို လျှောက်ထားပြီး ၂၀၂၂ ခုနှစ် မဟာသဓမ ဇောတိကဓဇ ဘွဲ့တံဆိပ်ချီးမြှင့်ခံ ဆရာတော်(၁)ပါး၊ ၂၀၂၁ ခုနှစ် အဘိဓမ္မဝိဒူဘွဲ့ရ(၁)ပါး၊ ဓမ္မစရိယတစ်ကျမ်းအောင် (၁)ပါး၊ အဘိဓမ္မာ တစ်ကျမ်းအောင်(၂)ပါး၊ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပါထမပြန် စာမေးပွဲတွင် ပထမကြီးတန်းအောင်(၃)ပါး၊ ပထမ လတ်တန်းအောင် (၇)ပါး၊ ပထမငယ်တန်းအောင်(၂)ပါး၊ အခြေပြုမူလတန်းအောင်(၁)ပါး တို့အား ဂုဏ်ပြုပူဇော်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပါထမပြန် စာမေးပွဲတွင် ဖြေဆိုမည့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းတို့တွင် ဖြေဆိုမည့် သံဃာတော်များအား နဝကမ္မဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - သက်ဟန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)