တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်









MNP -  ဧပြီ     ၂၈

တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးမဂ္ဂဇင်းထုတ်ဝေရခြင်း သည်တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းမှတ်ရာ ကျန်ရှိအောင်ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော်ပြသပေးစေလိုကြောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးအတွက် တတ်သိပညာရှင်များအား ဖိတ်ခေါ်ပြီး ယှဉ်ပြိုင်ကြစေလိုကြောင်း၊ စာမူများ၊ စာစောင်၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်းများကို ဖိတ်ခေါ်၍ ထည့်သွင်းပါဝင်စေလိုကြောင်း၊ မဂ္ဂဇင်းတွင်ဝေဝေဆာဆာ ဖော်ပြပေးစေလိုကြောင်း၊ မဂ္ဂဇင်း စာအုပ်ထုတ်ဝေမှု နှင့်ပတ်သက်၍ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက်စာရေးဆရာအသင်း နာယက-ဦးဘမြင့်က မဂ္ဂဇင်းထုတ်ဝေဖြန့်ချိရမှုနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းတင်ပြ ဆွေးနွေးပြောကြားပြီးတက်ရောက်လာ သောကော်မတီဝင်များ က တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းဖြစ် မြောက်ရေး ဦးစီးကော်မတီနှင့် မဂ္ဂဇင်းပြုစုရေး၊ စာတည်း ဖြတ်ရေးလုပ်ငန်း ကြော်ငြာများ စုဆောင်းရေးလုပ်ငန်း၊ ဖြန့်ချိရေးလုပ်ငန်း၊ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်း၊ စာရင်းစစ်ဆေးရေး လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြရာ တိုင်းဒေသ ကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက  မဂ္ဂဇင်း ထုတ်ဝေဖြန့်ချိနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)