လူငယ်များအားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် ဆောင်ရွက်သော နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များအားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် ဆောင်ရွက်သော နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ

 



MNP -  ဧပြီ   ၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဆောင်ရွက်သော နွေရာသီအားကစားသင်တန်းဆင်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းခရိုင် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့် ကျန်းမာရေးပညာရေး စိတ်ဓါတ်ရေးရာများတွင် ထူးချွန်သောလူငယ်များ ပေါ်ထွက်လာစေရေး၊ အခြားမလိုလားအပ်သော လမ်းကြောင်းများ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရည်ရွယ်ပြီး ဘောလုံး၊ ဘော်လီဘော၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုံပစ်၊ လက်ဝှေ့စသောအားကစားနည်းများကို စုပေါင်းလေ့ကျင့်သင်ကြားပေး လျကရှိကြောင်း မြို့နယ်အတွင်းမှအသက် ၁၃ နှစ်နှင့်အသက် ၂၀ ကြားလူငယ် ၇၆ ယောက် လေ့ကျင့်လျက်ရှိကြောင်း အလယ်တန်းအဆင့်စာမေးပွဲများ ဖြေဆိုနေရချိန်တွင် ခေတ္တအနားပေးထားပြီး သင်တန်းဆင်းပွဲအချိန်အထိ ဆက်လက်လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။

ကြို့ပင်ကောက်မြို့ ဒေသခံလူငယ်များအတွင်းမှ ယနေ့အချိန်အထိ အားကစားနှင့်အတူ စိတ်ဓါတ် ရေးရာထူးချွန်သော တိုင်းလက်ရွေးစင်ဗန်တိုအားကစားသမားလူငယ် (၃)ဦးနှင့် အနောက်တိုင်း လက်ဝှေ့ အမျိုးသမီး(၁)ဦးတို့အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ယခုနှစ် အားကစားနှင့် ကာယပညာသိပ္ပံ သင်တန်းကျောင်းသို့ သင်တန်းသားတစ်ဦးသင်တန်းသူတစ်ဦးတို့သွားရောက်၍ တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇယျာထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)