MNP - ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့၌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာနေ တိုင်းရင်းသား ပြည်သူများ ထံသို့ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွန်ဟောင်းကျေးရွာခန်းမဆောင်တွင် ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာ စကားပြောကြားပြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မက်မန်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးအေးမင်းထွန်းက “ပန်းခင်း” စီမံချက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ်မှ တပ်မှူးဗိုလ်ဦးစိုင်းယီ၊ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်သောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မက်မန်းခရိုင်၊ ခေတ္တခရိုင် ဦးစီးမှူး ဦးအေးမင်းထွန်းတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု (၂၇၄)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၇၈)ကတ်အား ဒေသခံတိုင်းရင်းသား ပြည်သူများထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီပေးအပ် ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ကိုင်ဆောင်နိုင်ရန် ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည်များကိုလဲ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ပန်းကျင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment