ဟိုပုံးမြို့နယ်၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်း ဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပုံးမြို့နယ်၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်း ဆင်းပွဲကျင်းပ


MNP - ဧပြီ     ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှေးဦးပြုစုနည်း အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗ  ဟိုဌာန (Community Centre ) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟိုပုံးမြို့နယ် ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီမှ အမှာစကား ပြောကြားပြီးနောက် ဟိုပုံးပြည်သူ့ဆေးရုံမှ ဒေါက်တာမေသန္တာစိုးက ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော သင်တန်းသား/သူများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး၊ မြို့နယ်ကြက်ခြေနီ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာနိုင်တို့က သင်တန်းဆင်း လက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြပြီး သင်တန်းသူ မပါရမီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။  အဆိုပါ သင်တန်းကို မတ်လ(၂၉)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ စာတွေ့/လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)