ပြည်မြို့တွင် ၁၃၈၃နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့တွင် ၁၃၈၃နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ




MNP - ဧပြီ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ၁၃၈၃ နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်‌ ရေသဘင်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကမ်းနားလမ်း ဗဟိုမဏ္ဍပ်အနီး မုခ်ဦးရှေ့၌ ကျင်းပရာ ဒေသကွပ်ကဲမှုစစ် ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်(၂) ဦးဌေးဝင်းတို့က မဟာသင်္ကြန် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက်ဗဟိုမဏ္ဍပ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးနုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဧည့်သည် တော်များအား ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြသီဆိုဖျော်ဖြေကြ ကာ တာဝန်ရှိသူများက တက်ရောက်လာကြသူများနှင့် ယိမ်းအဖွဲ့များအား အမွှေး နံ့သာရည်များ ဖျန်းပက်၍  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင် ပွဲတော်အား အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြို့ပေါ်ရပ်ကွက်ကြီး ၁၀ ခုနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့ စုစုပေါင်း ၁၄ ဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်ပွဲတော်၌  ပွဲတော်ရက်များအတွင်း နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)