ဒလမြို့နယ်၌ သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒလမြို့နယ်၌ သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - ဧပြီ    ၉

ဒလမြို့နယ်၌ သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်နိုင်ရေး အစည်းအဝေးကို ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ယနေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သင်္ကြန်မဏ္ဍပ်တည်ဆောက်ရေးကို မြို့နယ်ဆောက်လုပ်ရေးက တာဝန်ယူ၍ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ သင်္ကြန်ကာလရက်များအတွင်း ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုကို မြို့နယ်စည်ပင်က တာဝန်ယူဆောင်ရွက်ရန်၊ သင်္ကြန်တွင်းစတုဒိသာကျွေးမွေးရေး အစီအစဉ်များကို ဒလ မြို့နယ်ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စသည့်သင်္ကြန်မဏ္ဍပ် ကော်မတီများ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် တာဝန်ရှိ သူများက ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းဝေးကို  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)