MNP - ဧပြီ ၁
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)ကို ယမန်နေ့နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြည်သူများ တင်ပြလာသည့်လုပ်ငန်းများ လျင်မြန်မှန်ကန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် လယ်စီအဖွဲ့အဆင့်ဆင့် များကလည်း အလေးထားဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းများ အနေဖြင့် ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ခွင့်ပြုပေးသလို ဗဟို ကော်မတီသို့ ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံးဆက်လက် တင်ပြဆောင်ရွက်နေသည့်အကြောင်း အလေးအနက်ထား ပြောကြားလိုပါကြောင်း၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်၍ မရသည့် မြေများအပေါ် အခြားနည်း အသုံးပြုရန် လျှောက်ထားဆောင်ရွက်သွားရန် လိုအပ်ပြီး ခရိုင်/မြို့နယ် လယ်စီအဖွဲ့အဆင့်ဆင့်မှ အမှန်တကယ် လိုအပ်မည့် မြေကိုသာ စိစစ် တင်ပြရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ မြေယာအယူခံ အမှုတွဲများ ဆွေးနွေးဆုံးဖြတ်ပြီး ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၂) တင်ပြချက် များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment