MNP - ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မယ်လွဲ(၂)ကျေးရွာ၌ ရေပေးရေး လုပ်ငန်းပြီးစီးမှုကို မိုင်းဆတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်တိုးတို့အဖွဲ့ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းပြီးစီးမှုကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ကလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းရေပေးရေးလုပ်ငန်းသည် မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခုနှစ် (၆)လ ဘတ်ဂျတ်တွင် မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော်မတီ ဖွဲ့စည်းမှုဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။ ထိုရေပေးရေးလုပ်ငန်းသည် မယ်လွဲ(၂) ကျေးရွာရှိ အိမ်ခြေ(၂၃)မှ လူဦးရေ (၁၀၅)ဦးတို့မှ ဘေးကင်းလုံခြုံ၍ သန့်ရှင်းသော သောက်ရေ/သုံးရေ ရရှိနေပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရှိရသည်။
သတင်း - ဝင်းဝင်းခိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment