MNP - ဧပြီ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က "အားကစားကဏ္ဍအောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကို ထင်ဟပ်စေပြီး နိုင်ငံတော်၏စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို ဖော်ပြသည့် ခံယူချက်ဖြင့် အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် လူငယ်/မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည် လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့လာလိုက်စားခြင်းမှသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် နွေရာသီအားကစား သင်တန်းများမှတဆင့် ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလား အလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုသင်တန်းဖွင့်လှစ် ပေးခြင်းသည် အားကစားမျိုးစေ့ချပေးခြင်းဖြစ်သဖြင့် ထူးချွန် သောအားကစားများအဖြစ် ကြိုးစားလေ့ကျင့်သွားကြ ရမည်ဖြစ်ကြောင်း" သင်တန်းဆင်းအမှာ စကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာ/ ဆရာမများ အတွက် ဂုဏ်ပြုငွေချီးမြှင့်ငွေကျပ်(၃၇)သိန်း ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားကိုယ်စား သင်တန်းသား (၂)ဦးနှင့် သင်တန်းသူများကိုယ်စား သင်တန်းသူ(၂)ဦးအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ကရာတေးဒို၊ မြန်မာ့သိုင်း၊ Fitness Danceသင်တန်းသား/သူအားကစားသမားများမှ အားကစားနည်းအလိုက် သရုပ်ပြသကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အေးငြိမ်တည်ငြိမ်စွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများအား အအေးဗူးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment