MNP - ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် အမှတ်(၆) ဇေယျဝတီရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများအား ကွင်းဆင်းဆေးထိုးနှံရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ရာနူန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကာကွယ် ဆေးထိုးအဖွဲ့များခွဲ၍ အသက် ၁၈ နှစ်အထက် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံရန် အကျုံးဝင်သူများကို ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့တွင်အမှတ်(၆) ဇေယျဝတီ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူ(၄၇)ဦးကို ထိုးနှံပေးနိုင်ခဲ့သည်။
မင်းလှမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ (၉၇၆၂၈)ဦးအနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီး ဦးရေမှာ (၇၆၉၃၀)ဦး ဖြစ်၍ ရာနူန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment