MNP ၊ ဧပြီ ၁၄
ပြင်ဦးလွင်မြို့တွင် လမ်းလျှောက်သင်္ကြန်တွင် လည်ပတ်ကြည့်ရှုနိုင်ရန် ဝင်ခွင့်ကတ်ပြားများ ပေးမည်ဟု စာရင်းများ လိုက်လံ ကောက်ခံသော်လည်း ကတ်ပြားမရသဖြင့် သွားရောက်လည်ပတ်ခွင့် မရကြောင်း မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက "သင်္ကြန်မတိုင်ခင်ကတော့ အိမ်ထောင်စုဇယားနဲ့ လူစာရင်း လာကောက်ပြီး ဝင်ခွင့်ကတ်ပြားပေးမယ်လို့ ပြောတယ်။ အခုထိလည်း ကတ်ပြားမရဘူး။ ကိုယ့်မြို့မှာ ကျင်းပတဲ့ သင်္ကြန်ပဲ ကျွန်တော်တို့လည်း သွားလည်ချင်ကြတာပေါ့။ အခုက ကတ်ပြားမပါရင် ဝင်ခွင့်မရဘူး" ဟု ပြောသည်။
မြို့ခံတစ်ဦးက "နိုင်ငံတော်ဝန်ကြီးချုပ်ကတောင် သင်္ကြန်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတယ်။ ကျွန်မတို့လည်ချင်ပေမယ့် လည်ခွင့်မရဘူး။ သူတို့ ပေးချင်တဲ့သူကို ပေးတယ်။ ကျွန်မတို့တွေ ကြတော့ ကတ်ပြားမရလို့ သွားလည်ခွင့် မရဘူး" ဟု ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ လိုက်ကောက်ပြီး ကတ်ပြားများ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကတ်ပြားမရသဖြင့် လမ်းလျှောက်သင်္ကြန်အတွင်း သွားရောက်လည်ပတ်ခွင့် မရသည့်အပေါ် မြို့ခံများက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment