MNP - ဧပြီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ရောင်စုံစက္ကူလေးများဖြင့် ပျားရုပ်ပြုလုပ်နည်းကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ရောင်စုံစက္ကူလေးများဖြင့် ပျားရုပ်ပြုလုပ်နည်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က နွေရာသီကျောင်းပိတ်ရက်များ၌ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ရက်များတွင် စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရောင်စုံကာလာ စာရွက်များ အသုံးပြု၍ ပျားရုပ်ပြုလုပ်တတ်စေရန် ၊ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment