ကန့်ဘလူမြို့၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့၌ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP - ဧပြီ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က သင်တန်းတွင် သင်ကြားပေးခဲ့သည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၌ အရေးကြုံလာပါက အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ကိုယ်တိုင်လည်း လက်တွေ့အကျိုးရှိရှိ အသုံးချနိုင်မည့်နေရာတွေမှာ ပြန်လည်အသုံးချရန် လိုအပ်ကြောင်းနှင့် ယခုလို သင်တန်းတက်ရောက်ပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က မြို့နယ်ကြက် ခြေနီတပ်စုမှူး ဦးကိုလေးအားလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ဆန်းက ခရိုင်ကြက်ခြေနီတပ်စုမှူး ဦးလှထွန်းအားလည်းကောင်း အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ အဆိုပါ အခြေခံကြက်ခြေနီရှေးဦးသူ နာပြုစုခြင်းသင်တန်းကို ကန့်ဘလူခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ ၂၈ ရက်မှ ၂၉ ရက်အထိ သုံးရက်ကို စာတွေ့လက်တွေ့ သင်ခန်းစာများဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)