MNP ၊ ဧပြီ ၁၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ယနေ့ ညနေ(၄)နာရီက စေတီယဂ်ဏဘုန်း တော်ကြီးကျောင်းတွင်ချောင်းရပ်ကွက်နှင့်တောင်ရင်းတန်းရပ်ကွက်မှ ပြည်သူများစုစည်း၍ ရခိုင်မင်္ဂလာစည်တော်တီးပြီး မြို့တစ်ပတ် လှည့် လည်ကာ စေတီယဂ်ဏကျောင်းတိုက်တွင် ဘုရားရေသပ္ပါယ်ခြင်းများကို ပြုလုပ်ခဲ့သည်။
ရသေ့တောင်မြို့၌ ရခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ခြင်းကို ချောင်းဝရပ်ကွက်နှင့်တောင်ရင်းတန်းရပ်ကွက်မှပြည်သူများ စုပေါင်းကာ နံသာဖြူ ၊ နံသာနီအစရှိသော အမွှေးနံ့သာများသွေးပြီး ငွေဖလားများ၌ ထည့်ကာ သပြေခက်များဖြင့် စေတီယဂ်ဏဘုန်းတော်ကြီးကျောင်း ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္ထပညာသာမိသာ မှ ငါးပါးသီလ ခံယူဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဘုရားရေသပ္ပါယ်ခြင်းများကို ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြကြောင်းသိရိရပါသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost







No comments:
Post a Comment