MNP - ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုယ်ဝန်ဆောင် မေးခိုင်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်း - မျိုးမြတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment