ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆို



MNP - ဧပြီ    ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉)ခုတွင်  ယနေ့နံနက် ၉ နာရီက ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၂၇၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ ဓာတုဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုခွင့်စာရင်းရှိသည့် ကျောင်းသား/သူ(၂၇၀၂) ဦးရှိသည့်အနက် ၂၃၆၃  ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ဖြေဆိုပျက်ကွက်သူ ၃၃၉  ဦး၊ ဖြေဆိုရာခိုင်နှုန်း(၈၇.၄၅)၊ ပျက်ကွက်ရာခိုင်နှုန်း (၁၂.၅၅) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပြီး၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - နီထွန်းအောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)