ညောင်လေးပင်၌ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်၌ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ဖွင့်လှစ်



MNP - ဧပြီ    ၁၃

၁၃၈၃ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က‌ညောင်လေးပင်မြို့ မြိုမရဲစခန်း‌ရှေ့ ဗဟို‌ရေကစားမဏ္ဍပ်၌ ဖွင့်လှစ်‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဘုန်း‌မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့သည်။ ထို့နောက် သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များမှ မြူ‌မှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေမှုနှင့်အတူ အတာရေစင်သွန်းဖြန်း၍ မြန်မာ့နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ယခင်နှစ်များနည်းတူ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား မြန်မာရိုရားယဉ်ကျေးမှုနှင့်အညီအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)