ကျောက်မဲမြို့တွင် ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့တွင် ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်



MNP - ဧပြီ   ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီလ(၁၇) ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်မှစ၍ မြို့နယ်သံဃာ့နာယက ဆရာတော်ဦးဆောင်သည့် သံဃာတော် ၁၀ ပါးတို့သည် မြို့တွင်း ၉ ရပ်ကွက်သို့ ကားဖြင့်လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ပရိတ်ရေ ၊ ပရိတ်သဲ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ဆန်းတစ်ရက်‌နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးနှင့် မြို့နယ်ရုံးများ၌လည်း အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)