MNP ၊ ဧပြီ ၁၉
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူကို အထိတ်တလန့်ဖြစ်စေရန် နည်းမျိုးစုံဖြင့် မဟုတ်မမှန်သတင်းများ ဖြန့်ဝေရေးသားလျှက်ရှိသည့် ပြည်ပ အခြေစိုက်မီဒီယာအချို့က မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်တောက်တော့မည်ဟု သတင်းများရေးသားဖော်ပြနေခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ဓာတ်ဆီ၊ ဒီဇယ် လက်ကျန်လုံလောက်စွာ ရှိနေပြီး သင်္ဘော (၃)စီး ထပ်မံဝင်ရောက်ရန် ရှိကြောင်း သတင်းဌာနတစ်ခု၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသည်။
သတင်းဌာနတစ်ခု၏ ဆက်သွယ်မေးမြန်းချက်အပေါ် တာဝန်ရှိသူက "ဈေးကစားချင်တဲ့ ပြည်တွင်းလုပ်ငန်းရှင်တချိုနဲ့ နိုင်ငံရေးမတည်ငြိမ်အောင် ဖျက်လိုဖျက်ဆီးလုပ်တဲ့ ပြည်ပမီဒီယာတချို့လက်ချက်ပါ။ သင်္ကြန်အတွင်းမှာမို့ ဆီသင်္ဘောတစ်စီးပဲဝင်တာပါ။ အခုဆီသင်္ဘောသုံးစီး ဝင်လာတော့မှာပါ။ လက်ကျန်ဆီကလည်း လုံလောက်ပါတယ်။ ဓာတ်ဆီလက်ကျန်က ဂါလံ ၄၈ သန်းကျော်နဲ့ ဒီဇယ်လက်ကျန်က ဂါလံ ၃၆ သန်းကျော်ရှိတယ်။ ပြည်ပက ဆီသင်္ဘောသုံးစီးဝင်လာရင် လက်ကျန်ပမာဏက ထပ်တိုးသွားမယ်။ စက်သုံးဆီနဲ့ပတ်သက်ရင် ဘာမှပူစရာမရှိဘူး" ဟုပြောကြားသွားကြောင်း သိရသည်။
NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများနှင့် ပူးပေါင်း၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားလျက်ရှိသော မီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူ့မှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးရေးသားနေကြခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment