MNP - ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၈၈ ကျောင်းမှ သံဃာတော်များအား စုပေါင်းပူဇော်ကန်တော့ပွဲကို ယမန်နေ့တွင် ကျင်းပကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံမှ စုပေါင်းပူဇော်ကန်တော်ခြင်းဆိုင်ရာ အနုမောဒနာတရား နာယူကာ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျဲန်က သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား စုပေါင်းပူဇော်ကန်တော်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment