MNP - ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) ၏ စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်ဒေါ်ခင်းနှင်းသူ၊ ညောင်ဦးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်တို့က အမှာစကားပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေး ဆရာဒေါက်တာ ကျော်စိန် ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ပါ ခေါင်းစဉ်အပိုဒ်ခွဲအားစာအုပ်စာပေ ချစ်မြတ်နိုးသူများကဆွေးနွေးကြသည်။ ထိုစာအုပ်တွင် မာတိကာပါ ခေါင်းစဉ်ခွဲ ၈ခုခွဲခြမ်း စိတ်ဖြာရေးသားပါရှိပြီး စာမျက်နှာ ၁၃၀ မျက်နှာပါရှိကြောင်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment