ကြက်သွန်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးထားသည့် ကြက်တူရွေးပဲသီးများ ဈေးကောင်းရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြက်သွန်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးထားသည့် ကြက်တူရွေးပဲသီးများ ဈေးကောင်းရ



MNP   -   ဧပြီ  ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများ ကြက်သွန်စိုက်ပျိုးချိန်က သီးထပ်သီးညှပ်စိုက်ပျိုးထားသော ကြက်တူရွေးပဲသီးများ‌ပေါ်ချိန် ဈေးကောင်းရရှိနေခြင်းကြောင့် ကြက်သွန်ခင်းများအတွင်း သီးထပ်သီးညှပ် ကြက်တူရွေး ပဲစိုက် တောင်သူများတွက် ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်က ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာအများစုသည် ကြက်သွန်းစိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် ကြက်သွန်ခင်းပေါင်များပေါ်သို့ တစ်ပေခြား စိုက်ပျိုး ထားကာ ကြက်သွန်ရေလောင်းချိန် ကြက်သွန်ကိုသာ ဦးစားပေးရေလောင်းကြပြီး ကြက်သွန် နုတ်ပြီးချိန်မှသာ သီးညှပ်စိုက်ပျိုးထားသည့် ပဲပင်များအား ပေါင်များပြန်လည်ပြုပြင်ကာ ရေးလောင်း၊ မြေဩဇာကျွေးကြကြောင်း သိရသည်။ ကြက်သွန်များဖြစ်ထွန်းချိန် ပဲပင်များ ရေလောင်းပါက ကြက်သွန်ပင်များ ပဲပင်ကြောင့် အပင်ရှုပ်ပြီး ကြက်သွန်အထွက်နှုန်းထိခိုက် နိုင်ခြင်းကြောင့် ကြက်သွန်နုတ်သိမ်းပြီးချိန်မှသာ ရေများများလောင်းကာ ပဲပင်အမြန်ကြီးထွား စေပြီး အပွင့်ပွင့်အသီးသီးအောင် ဂရုစိုက်ရကြာင်း၊ ကြက်တူရွေးပဲများအား သိပ္ပံပဲဟုလည်းခေါ် ဆိုကြောင်း အသီးစပေါ်ချိန် တစ်ပိသာ ၁၈၀၀ ကျပ်ထိ ဈေးရရှိပြီး ကြက်တူရွေးပဲသီးများ လှိုင် လှိုင်ပေါ်ချိန် တစ်ပိသာ ၁၀၀၀ ကျပ်ထိ ဈေးရရှိခြင်းကြောင့် သီးထပ်သီးညှပ်စိုက်ပျိုးသည့် တောင်သူများ တွက်ခြေကိုက်ကြကြောင်း မုန့်ကုန်းကျေးရွာ ဦးနေမျိုးထွန်းက ရှင်းပြသည်။

ကြက်သွန်တစ်ပိသာ ၅၀၀ ကျပ်ဈေးသာရှိနေချိန် ကြက်တူရွေးပဲတစ်ပိသာ ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဈေးထိရှိနေခြင်းက ကြက်သွန်စိုက်တောင်သူများ သီးညှပ်စိုက်ပျိုးသည့် ကြက်တူရွေးပဲသီး ဈေးနှုန်းက ကျားကန်ထားပေးခြင်းကြောင့် ကြက်တူရွေးပဲစိုက်တောင်သူများအဆင် ပြေနေကြပြီး လဲဂွ၊ ညောင်ဖြူပင်၊ လက်ပံအိုင့်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊မုန့်ကုန်း၊ အမှတ်သုံး၊ အမှတ်လေး၊ ကင်းမွန်းခြုံ၊ မကျီးတိုင်း၊ စည်ပင်သာကျေးရွာများသည် ဆောင်းကြက်သွန်အ မြောက်အများ စိုက်ပျိုး ကြကာ ကြက်တူရွေးပဲအား သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ အဆိုပါ ထွက်ရှိလာသည့် ကြက်တူ ရွေးပဲများအား ကျောက်ပန်းတောင်းမြို့မဈေးသို့ အခင်းရှင်ကိုယ်တိုင် သွားရောက် ရောင်းချခြင်း၊ ကြက်တူရွေးပွဲစားများ လာရောက်ဝယ်ယူကြခြင်းများကြောင့် သီးညှပ်ကြက်တူရွေး ပဲစိုက်တောင်သူ များ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ကြက်တူရွေးပဲတုန်းချိန် ပဲနွယ်များအားနွားစာအဖြစ် အသုံးပြုကြောင်းလည်း သိရကာ ကြက်တူရွေး ပဲသီးများပေါ်ချိန် နှစ်ရက်တစ်ခါဆွတ်ခူးပေးရကြောင်း ဒေါ်စိုးစိုးကပြောကြား၍ သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)