ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများအား ဒုတိယအသုတ်အဖြစ် အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၀၀)ကျော်တို့အား တွေ့ဆုံအားပေးထောက်ပံ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများအား ဒုတိယအသုတ်အဖြစ် အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၀၀)ကျော်တို့အား တွေ့ဆုံအားပေးထောက်ပံ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်


MNP ၊ ဧပြီ ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန် ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြု လုပ်ပြီး ဒုတိယအသုတ်အဖြစ် နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ ဒုတိယအသုတ်အဖြစ် နေရပ် စွန့်ခွာတိမ်း‌ရှောင်လာသော အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၈၆)ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်လိုက်ပါပို့ဆောင်ပေးကြမည့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များမှဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများနှင့် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးသွား ရောက်တွေ့ဆုံအားပေးခဲ့ကြသည်။


တွေ့ဆုံအားပေးစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့်ရေသန့်ဘူးများ၊ သက်ကြီးဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့အပြင်ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်လည်နေထိုင် ရာတွင် လိုအပ်သည့် အခက်အခဲများ၊ လတ်တလော နေထိုင်စားသောက်ရေးအတွက် ဆန်အိတ် (၅၀၀)အိတ်ကို ထောက်ပံ့ပေးခြင်းနှင့်နေရပ်ကျေးရွာများတွင် အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေးညှိနှိုင်း ဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီးအစဉ်ပြေချောမွေ့ စေရေး လိုအပ်သည်များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။


ယနေ့ ဒုတိယအသုတ်အဖြစ် နယ်မြေလုံခြုံရေးအရ မြစ်ကြီးနားမြို့နယ်အတွင်း ခေတ္တတိမ်း ရှောင်လာ သော အိမ်ထောင်စု (၁၃၉)စု၊ လူဦးရေ (၃၈၆)ဦးတို့အား နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မော်တော်ယာဉ် (၁၀)စီး၊ ထောက်ပံ့ငွေများနှင့် ဆန်အိတ် (၅၀၀)တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။


ပူတာအိုခရိုင်အတွင်း ၂၀၂၂ ခုနှစ် မတ်လအတွင်းက နယ်မြေလုံခြုံရေးအခြေအနေအရ ဆွတ်ပီယန် ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန်ကျေးရွာများနှင့် လုံရှာယန်ကျေးရွာအုပ်စု၊ လုံရှာယန် ကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၃၇၀ တို့သည် ပူတာအိုမြို့နယ်၊ မြစ်ကြီးနား မြို့နယ်နှင့် တောတွင်းများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  နေရပ်စွန့်ခွာ ပြည်သူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် အဖွဲ့အစည်း သီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)