မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ



MNP - ဧပြီ   ၂၇

ကလေးများစာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှတဆင့် အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့ နံနက် ၉:၃၀နာရီ အချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စာကြည့်တိုက်လာကလေးများမှ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လူငယ်နှင့်ဇွဲ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ လူငယ်နှင့် အခွင့်အလမ်း အစရှိသည့်စာအုပ်များမှ ဆောင်းပါးများဖြင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်မှ ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရ သည်။

သတင်း - အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)