ကော့သောင်းမြို့တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ







MNP - ဧပြီ   ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဆုချီးမြင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ည(၇)နာရီက ကော့သောင်းမြို့၊ ဆိပ်ကမ်းသာလမ်း ဗဟိုမဏ္ဍပ်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ပေါ်(၁၀)ရပ်ကွက်မှ ပြိုင်ပွဲဝင် ယိမ်းအက အဖွဲ့များက ကပြဧည့်ခံဖြေဖျော်ကြပြီး မဟာသင်္ကြန်ပွဲတော် အကြိုနေ့ညမှ အကြတ်နေ့ညအထိပြိုင်ပွဲဝင်ခဲ့ကြသည့် မြို့ပေါ်(၁၀) ရပ်ကွက်နှင့် ကျေးရွာများမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ပြိုင်ပွဲဝင်ယိမ်းအက အဖွဲ့များကို စစ်ဗျူဟာအဖွဲ့ (ကော့သောင်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများက ဆုများသီးသီး ချီးမြှင့်ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး တက်ရောက်လာကြသည့် ဧည့်တော်များ၊ လာရောက်ကြည့်ရှုအားပေးကြသည့် ပရိသတ်များနှင့် ယိမ်းအက လှပျိုဖြူများက မန်းတောင်ရိပ်ခို တေးသီချင်းဖြင့် သံပြိုင်ညီညာ စုပေါင်းသီဆို ကခုန်ကြပြီး ကော့သောင်းမြို့ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - ကျော်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)