ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ် ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ် ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား


MNP ၊ ဧပြီ ၁၇

ယနေ့ ၁၃၈၄ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားရာမှာ "ပြည်သူလူထုရဲ့စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်" လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှုတ်ခွန်းဆက်မင်္ဂလာစကားမှာ "ဒီနှစ်ဟာ စိန်ရတုလွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ် ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး အစွမ်းကုန်ကြိုးစားနေပါတယ်။ ကျွန်တော်ရဲ့ အမျိုးသားရေးရည်မှန်းချက် (၂)ခုရှိပါတယ်။ (၁) နိုင်ငံတော်ကြီး သာယာဝပြောရေး၊ (၂) တိုင်းပြည် စားရေးရိက္ခာ ပေါများရေးတို့ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်း လူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရပါမယ်။ မြေပေါ်၊ မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူပြည်သား အးလုံးအတွက် စားရေးရိက္ခာ မပူမပင် မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံးဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။" ဟု ထည့်သွင်း ပြောကြားထားသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ကျန်းမာရွှင်လန်းစွာဖြင့် ဒီနှစ်သစ်မှာ ကျွန်တော်တို့နဲ့အတူ ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်နှုတ်ခွန်းဆက် မင်္ဂလာစကားတွင် ပြောကြားထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)