MNP - ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသား တစ်ဦးကို ယနေ့နံနက်ပိုင်းက သာယာဝတီ ဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသား (၁)ဦးအား လွှတ်ပေးခဲ့ကြောင်းသိရသည်။
အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်စည်သူ၊ (အဖွဲ့ဝင်၂) ဦးမြင့်သူ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်တို့က ဆုံးမသြဝါဒစကားပြောကြားကာ အကျဉ်းသားအား ထောင်လွတ်လက်မှတ်နှင့် လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - သန့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment