ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/ အကျဉ်သူ (၂၀) ဦးလွှတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/ အကျဉ်သူ (၂၀) ဦးလွှတ်ပေး



MNP - ဧပြီ   ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်း သက်သာခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ လွှတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ဘူးသီးတောင်မြို့အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ကျော်တို့က လွတ်မြောက်လာသော အကျဉ်းသား/သူ များအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ဘူးသီးတောင်အကျဉ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဌေးက အမှာစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင် ထွက်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။

 ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား (၁၃)ဦး၊ အကျဉ်းသူ (၇) ဦး စုစုပေါင်း (၂၀) ဦးတို့ကို လွတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - လှကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)