ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြိုနယ်တွင် ကျေးလက်လမ်းဦးစီးဌာနမှ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြိုနယ်တွင် ကျေးလက်လမ်းဦးစီးဌာနမှ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်



MNP -  ဧပြီ   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြိုနယ် ကျေးလက်လမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မြေသားလမ်းချဲ့ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုရန်ပုံငွေ(လမ်းပြင်/ထိန်း) ၂၉ ဒသမ ၂ သန်းဖြင့် အကျယ် ၁၂ ပေ၊ အရှည် ခုနစ်ဖာလုံရှိ ဝမ်ဘိုး-ယမ်းပုံး-ဝမ်ဖြတ်-ဝမ်ယွတ် မြေသားလမ်းချဲ့ခြင်း လုပ်ငန်းနှင့် ပြည်နယ်ရန်ပုံငွေ ၇၈ ဒသမ ၃၉၅ သန်းဖြင့် အကျယ် ၁၂ ပေ၊ အရှည် ခြောက်ဖာလုံရှိ မုန်းလိုက်-တာလုတ်-ကော့ခွယ်-ဝမ်တောင်းလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းများဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်လမ်း ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းအောင်ဇော်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)