နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ် ဖြေဆိုပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ ဘာသာရပ် ဖြေဆိုပြီးစီး



MNP -  ဧပြီ    ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ဓာတုဗေဒ ဘာသာရပ်)ကို ယနေ့ နံနက် ၉ နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလမ်)စာစာဌာန ၂ ခုတို့တွင် ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၇၄၃ ဦးတွင် လာရောက် ဖြေဆိုသူ ၆၇၈ ဦးရှိပြီး   ဖြေဆိုရန်ပျက်ကွက်သူ  ၆၅ ဦးရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်များနှင့် စက်သံများ ဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)