ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိ






MNP ၊ မတ် ၄

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့၊ နံနက်(၉)နာရီမှစတင်၍ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများက တတိယနေ့၌ ဓာတု ဗေဒဘာသာရပ်အားအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင် များက စာစစ်ဌာနများသို့ သွားရောက် ကြီးကြပ်ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားပေးခြင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရသေ့တောင်မြို့နယ်၌ယနေ့ တတိယနေ့၌ ဓာတုဗေဒဘာသာအား ဖြေဆိုသူ(၂၂၈၈)ဦးရှိပြီး၊ ပျက်ကွက်သူ(၂၇၀)ဦး၊ဖြေဆိုရာခိုင်နှုန်းမှာ(၈၉.၄၄)ရာခိုင်နှုန်းဖြစ်ပြီး၊ပျက်ကွက်(၁၀.၅၆)ရာခိုင်နှုန်းဖြစ် ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

ရသေ့တောင် မြို့နယ်အတွင်း စာစစ်ဌာနစုစုပေါင်း (၇)ခုရှိပြီးတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်အတွက် အ.ထ.က-၁၊ အထက၂၊ အမက ၂ ၊အမက ၄၊ မေယုခန်းမ၊ အားကစားခန်းမ၊ အလိုတောင်ပြည့်ကျောင်းတိုက်၊ သာသနာ့ဇောတိပါလကျောင်းတိုက်၊ စေတီယဂ်ဏကျောင်းတိုက်နှင့် ဇီးကိုင်းစာစစ်ဌာနကို စစ်တွေအထက(ခွဲ) အလက(၅)ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)