မအီမြို့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ထားရှိခြင်းအပေါ် ညလှည့်ကင်းကွင်းဆင်းစိစစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ထားရှိခြင်းအပေါ် ညလှည့်ကင်းကွင်းဆင်းစိစစ်







MNP ၊ ဧပြီ ၁

မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်လျှက်ရှိသည့် ၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၃၁-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ ကျင်းပပြုလျှက်ရှိရာ ကျောင်းသားကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းစေရေးတို့အတွက် မတ်လ(၂၂)ရက်နေ့ကထုတ်ပြန်ထားရှိသည့် ဒေသန္တရအမိန့်အား  ပြည်သူများလိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခြင်းကို ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ယမန်နေ့ည(၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုက ဦးဆောင်၍ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်းထွန်းနိုင်နှင့် ဌာနဆိုင်ရာကြီးကြပ်အဖွဲ့များကလိုက်ပါ၍ ကွင်းဆင်းစိစစ်ခဲ့ကြကြောင်းသိရသည်။


ဖော်ပြပါဒေသန္တရအမိန့်တွင် တောင်ကုတ်မြို့နယ်အတွင်းရှိ အရက်ဆိုင်၊ ဘီယာဆိုင်၊ စားသောက်ဆိုင်များကို (၃၀-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ ည(၉)နာရီအချိန်နောက်ပိုင်းတွင် ဖွင့်လှစ်ရောင်းချခြင်းများမပြုရန် တားမြစ်ထားရှိပြီး အဆိုပါအမိန့်အား ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေနိုင်ရန် မအီမြို့ပေါ်ရပ်ကွက်များအတွင်း၌ အသံချဲစက်ဖြင့်လှည့်လည်ကြေငြာထားရှိပြီးဖြစ်ကြောင်း၊  သက်ဆိုင်ရာတပ်ဖွဲ့၊ ဦးစီးဌာနများမှလည်း ထုတ်ပြန်ထားရှိသောအမိန့်အား ပြည်သူများလိုက်နာဆောင်ရွက်မှုရှိ/မရှိကို နေ့စဉ်ကွင်းဆင်းစိစစ်လျှက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားရှိသောအမိန့်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အမိန့်တွင်ပါရှိကြောင်း၊  အဆိုပါ ဒေသန္တရအမိန့်ကို တောင်ကုတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းတို့ကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ 


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)